တိုက်ကြီးမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့် ဆန်နှင့်ခေါက်ဆွဲခြောက်ထုပ်များထောက်ပံ့ပေးအပ်

တိုက်ကြီး ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာငွေများကို လစဥ်ပုံမှန်ထုတ်ပေးလျက်ရှိပြီး ပင်စင်လစာလာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ယနေ့နံနက်ပိုင်းက အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့် ဆန်နှင့် ခေါက်ဆွဲခြောက်ထုပ်များကိုတာဝန်ရှိသူများက သွားရောက်ကာထောက်ပံ့ပေးအပ်သည်။

အခြေခံစားသောက်ကုန်ပစ္စည်း ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦး‌အောင်ကျော်စိုးနှင့်တာဝန်ရှိသူများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(၁၄)ဦးအား အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့် ဆန်နှင့်ခေါက်ဆွဲခြောက်ထုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆန် ၅ ပြည်နှင့် ခေါက်ဆွဲ‌ခြောက် ၁ ပါကင် စုစုပေါင်း တန်ဖိုးငွေ ၃၈၀၀၀၀ ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)