ဒဂုံတောင် ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားလစာ လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဆန်နှင့် ခေါက်ဆွဲခြောက်ထုပ်များကို ယမန်နေ့ နံနက် ၁၀ နာရီ လေးဆယ့်ငါးမိနစ်က ထောက်ပံ့လှူဒါန်းပေးကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လှူဒါန်းသော ဆန်(၅)ပြည်အိတ် (၁၀၀)အိတ်နှင့် ခေါက်ဆွဲခြောက် (၁၀၀)ဖာတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့က အငြိမ်းစားတစ်ဦးလျှင် ဆန်(၅)ပြည်အိတ် (၁)အိတ် သို့မဟုတ် ခေါက်ဆွဲခြောက် (၁)ဖာတို့ကို ကြိုက်နှစ်သက်ရာ တစ်မျိုးယူစနစ်ဖြင့် အငြိမ်းစား (၂၀၀) ဦးအား ထောက်ပံ့လှူဒါန်းပေးကြောင်း သိရသည်။
သန်းသန်းအေး