ရန်ကုန် ဒီဇင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် လှူဒါန်းသည့်ဆန်အား အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဝန်ထမ်းများကို ယမန်နေ့မွန်းတည့်(၁၂)နာရီက တာဝန်ရှိသူများ သွားရောက်၍ ထောက်ပံ့ပေးအပ်သည်။
ပေးအပ်ရာတွင် အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန့်ဇင်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးနေသွေး၊ အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသုခလှိုင်၊ အတွင်းရေးမှူးရဲမှူးသန့်ဇင်နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့်တာဝန်ရှိသူများက (၅)ပြည်ဝင်ဆန်အိတ် (၁ဝဝ)အိတ်အား အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် (၅)ပြည်ဝင် ဆန်(၁)အိတ်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)