ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှု အသင်းအဖွဲ့များ၏ ခရစ္စမတ်နှင့် နှစ်သစ်အကြို ကျေးဇူးတော်ချီးမွမ်းခြင်း ဝတ်ပြုဆုတောင်းပွဲနှင့် မြစ်ကြီးနားတက္ကသိုလ် အကြိမ်(၂၀)မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားများသို့ တက

မြစ်ကြီးနား     ဒီဇင်ဘာ ၂၉

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ စုပေါင်း၍ ၂၀၂၃ ခုနှစ်၊ ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်အကြို ကျေးဇူး‌တော်ချီးမွမ်းခြင်း ဝတ်ပြုဆုတောင်းပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်သည်။

အဆိုပါ ခရစ္စမတ်နှင့် နှစ်သစ်ကူးဆုတောင်းပွဲတွင် ကတ်သလစ်အသင်းတော် ဘုန်းတော်ကြီးများ၊ နှစ်ခြင်းခရစ်ယာန်အသင်းတော် သိက္ခာတော်ရဆရာများက အဖွင့်ဆုတောင်း ဆက်ကပ်ပေးကြပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား ကာ ဝတ်ပြုဆုတောင်းပွဲ အစီအစဉ်အတိုင်း ကျမ်းစာဖတ်ကြားခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုခြင်း၊ ကောင်းချီးတောင်းခံဆုတောင်းပေးခြင်း၊ ခရစ္စမတ်ဓမ္မဒေသနာတော်ဟောကြားခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီးက ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ပွဲတော်ဖြစ် မြောက်ရေးအတွက် ပါဝင်ကူညီခဲ့သူများအတွက် ခရစ္စမတ်လက်ဆောင်များကိုအသီးသီးပေးအပ်ခဲ့ ကြပြီး တက်ရောက်လာသူများနှင့်အတူ ခရစ္စမတ်နေ့လည်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ကျင်းပပြုလုပ်သည့် မြစ်ကြီးနားတက္ကသိုလ်၏ အကြိမ် (၂၀)မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားသို့တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပါမောက္ခချုပ်ဒေါက်တာအောင်ဝင်းနှင့်တကွ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များနှင့်အတူ ဘွဲ့နှင်းသဘင်အဆောက်အအုံရှိအစည်း အဝေးခန်းမဆောင် စင်မြင့်သို့ တက်ရောက်နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘွဲ့ရမောင်မယ် များအား နိုင်ငံတစ်နိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများစွာထဲတွင် ပညာရေး ကဏ္ဍရင်းနှီးမြှုပ်နှံမှုသည် အမှန်တကယ်အရေးကြီးပါကြောင်း၊ ယခုလို ပညာရေးကဏ္ဍကို ရင်းနှီး မြှုပ်နှံမှုသည် နိုင်ငံတော်ရေရှည်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်ပါကြောင်း၊ ယနေ့ လူငယ် မောင်မယ်များကိုလည်း အနာဂတ်တိုင်းပြည်တာဝန်များကို ဆက်လက်ထမ်းဆောင်နိုင်ရေး၊ ဗလ ငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မောင်မယ်တို့အနေဖြင့် အမိတက္ကသိုလ်က သင်ကြားပေးလိုက်သည့် အသိပညာဗဟုသုတများကို အသုံးချပြီး မိမိဘဝကို ပြည့်စုံအောင် ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးစားကြရန်နှင့်လူ့အသိုင်းအဝိုင်းကို အထောက်အကူပြုသည့် လူငယ်များဖြစ်အောင်ကြိုးစားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့များက ဘွဲ့ရလူငယ်၊ မောင်မယ်များအား ဘွဲ့လက်မှတ်များကို ပေးအပ်ရာ ပါမောက္ခဌာနမှူးများက သက်ဆိုင်ရာဘာသာရပ်အလိုက် နေ့သင် တန်းနှင့် အဝေးသင်သင်တန်းများတွင် ကောင်းစွာ အောင်မြင်ခဲ့သူများအား ပါမောက္ခချုပ်ထံ ပို့ဆောင်ပြီး ပါမောက္ခချုပ်က ဘွဲ့လက်မှတ်များကို ချီးမြှင့်အပ်နှင်းခဲ့ကြသည်။

အဆိုပါ မြစ်ကြီးနားတက္ကသိုလ် အကြိမ်(၂၀)မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နေ့သင်တန်းများတွင် တက်ရောက်သင်ကြားခဲ့သူ (၅၀၀)ကျော်၊ ၂၀၁၉ ခုနှစ်၊၂၀၂၀ ပညာသင်နှစ် အဝေးသင်သင်တန်းတွင် တက်ရောက်သင်ကြားခဲ့ သည့် မောင်မယ် (၂၀၀၀)ကျော်နှင့် မိုးညှင်းဒီဂရီကောလိပ်မှ တက္ကသိုလ်အဆင့်သို့ မတိုးမြှင့်သေးမီ မိုးညှင်းဒီဂရီကောလိပ်တွင် တက်ရောက်ခဲ့သည့် လူငယ်မောင်မယ် (၆၀၀)ခန့်တို့အား ၂၈.၁၂.၂၀၂၃ ရက်နေ့မှ ၇.၁.၂၀၂၄ ရက်နေ့အထိ မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ ဥပဒေဘွဲ့တို့အား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်