ကန်ကြီးထောင့် ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပါင်း၍ လူငယ်လူရွယ်များ ဗလငါးတန်တိုးပွားစေရန်၊ အသိပညာဗဟုသုတများရရှိစေရန် အတွက် လူငယ်ရေးရာ အသိပညာပေးဟောပြာပွဲကို ဒီဇင်ဘာလ (၂၈)ရက်နေ့ နေ့လယ်(၂)နာရီအချိန်က ကန်ကြီးထောင့် မြို့နယ်၊ အ.လ.က မဂူကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးရဲနိုင်က အဖွင့်အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ ဒေါ်အေးကျာ့ရီက တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့်ယဉ်ကျေးမှု အကြောင်းအရာများအား အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်ပြီး ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျးဇူးများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျးမှုဦးစီးဌာန၊ တာဝန်ခံအရာရှိ ဒေါ်အေးကျာ့ရီက အ.လ.က မဂူကျွန်းကျောင်းစာကြည့်တိုက်အတွက် စာအုပ်များအား လှူဒါန်းပေးရာ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ကျော်က လက်ခံရယူခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ နှင့်ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)