မုံရွာ ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပညာရေးဌာနတို့ ပူးပေါင်းပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မုံရွာမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ဦးစွာ ဟောပြောပွဲအခမ်းအနားတွင် စာရေးဆရာ ဦးဝင်းမော်ထွန်း၊ (ကိုဝင်းမော် (စိုက်ပျိုးရေး) က “ယနေ့လူငယ်နှင့် လွတ်လပ်ရေး” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးနုကြည် (ယဉ်မျိုးနုတင်) က “လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ဦးမြင့်နိုင်စိုး (မြင့်နိုင်စိုး (ထီးလှိုင်မြေ) )က “ကာကွယ်ထိန်းသိမ်းရမည့် လွတ်လပ်ရေး အမွေ” ခေါင်းစဉ်ဖြင့် သိကောင်းစရာများကို ဟောပြောခဲ့ကြပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက တက်ရောက်လာသူများအား (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)