လိပ်သို ဒီဇင်ဘာ ၂၉
တောင်ငူကက်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်၊ ကက်သလစ်သီလရှင်ကျောင်းတွင် ဖွင့်လှစ်ထားသော ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး “ ဆောင်းနှင်းဝေမူကြို” မှ “ရင်သွေးငယ်များ၏ ကျောင်းဆင်းပွဲနှင့် ဘွဲ့လက်မှတ်အပ်နှင်းခြင်း” အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စိန်ဖရန့်စစ်ဇေးဗီးယားသီလရှင်ကျောင်းခန်းမ၌ ပြုလုပ်ခဲ့ရာ Rev.Fr ဝင်းဦး၏ အဖွင့်မေတ္တာ ဆုတောင်းခြင်းဖြင့် စတင်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် Rev.Fr ဝင်းဦး၊ စိန်ဖရန့်စစ်ဇေးဗီးယားသီလရှင်ကျောင်းမှ မာရ်သာရ်ကြီး ဘယ်လားရှာတို့က အမှာစကားများ အသီးသီးပြောကြားပေးခဲ့ကြပြီးနောက် မူကြိုကလေးငယ် (၁၇) ဦးအနက် မူကြိုကျောင်းဆင်း ကလေးငယ် (၁၀) ဦးအား တာဝန်ရှိသူများမှ ကျောင်းဆင်းဘွဲ့လက်မှတ်များ အပ်နှင်းပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မူကြိုကလေးငယ်များ၏ တေးသရုပ်ဖော် သီဆိုကပြဖျော်ဖြေခြင်း၊ တာဝန်ရှိသူများနှင့် မိဘများက မူကြိုကလေးငယ်များကို လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ မိဘများကိုယ်စား ဒေါ်အေးအေးနွယ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး Rev.Fr ဝင်းဦးမှ အပိတ်ဆုတောင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)