မိုင်းခတ်မြို့၊ ဝမ်ပြန်(အမက)ကျောင်းသို့ Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ အခမဲ့ငှားရမ်း‌ပေးခြင်း ဆောင်ရွက်

မိုင်းခတ် ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များအသစ်လဲလှယ်‌ပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ(၁)နာရီအချိန်က မိုင်းခတ်မြို့နယ်၊ ဝမ်ပြန်ကျေးရွာ အခြေခံခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန် အခက်အခဲရှိနေသည့် စာဖတ်ပရိသတ်များအတွက် စာပေဖတ်ရှုမှုအဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန် ည်ရွယ်၍ သုတ၊ ရသစာအုပ်များကို ငှားရမ်းပေးလျက်ရှိရာMobile Library စနစ်ဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်နေ‌ပြည်သူများအား စာအုပ်စာစောင်များငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ပေးခြင်းတို့ကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)