ဟုမ္မလင်း ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားစောင့်ရှောက်မှု ဆောင်ရွက်ပေး ခြင်းကို ယနေ့ နံနက်ပိုင်း ၉ နာရီမှ (၁၂)အထိ အပတ်စဉ် သောကြာနေ့တိုင်း ဆောင်ရွက်မှုပေးလျက်ရှိကြောင်း သိရသည်။
သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုဆောင်ရွက်ပေးခြင်းကို ဟုမ္မလင်း ခုတင် (၁၀၀)ဆံ့ရုံး ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်ဆွေ၊ ဒေါက်တာ နန်းဝင်းအောင်နှင့် ဆရာ/ ဆရာမများက သက်ကြီးရွယ်အိုများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင်ရောဂါကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွားများ စုစုပေါင်း (၁၃၅) ဦးအား အခမဲ့စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွား ကျန်းမာရေးစောင့်ရှောက်မှုအစီအစဥ်တွင် ကျန်းမာရေးစစ်ဆေးမှု မခံယူမီ သက်ကြီးဘိုးဘွားများအား ကိုယ်ကာယ ကျန်းမာကြံခိုင်စေရေးအတွက် ဦးတင်မောင်ဝင်း (HA1) က ဦးဆောင်လေ့ကျင့်ပေးခဲ့ကြောင်းနှင့် အာဟာရဒါနအနေဖြင့် ကြာဇံဟင်းခါးတိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း ပြန်/ဆက်