ဖြူး ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်စေရန်၊ ပျော်ရွှင်စေရန်၊ အားကစားစိတ်ဓါတ်များ ဖွံ့ဖြိုးရှင်သန်စေရန်အတွက် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ (၂) ရက်နေ့၊ နံနက် (၉) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ကျား/ မအပြေးပြိုင်ပွဲ၊ ကျား/ မလွန်ဆွဲပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုပ်စည်းထိုးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ကြက်ခွတ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အပ်နဖားထိုးပြိုင်ပွဲ စသည့်အားကစားနည်းများဖြင့် (၃)ရက်တိုင် ယှဉ်ပြိုင်ကစားကြရမှာပြီး ဆုရရှိသူများအား ဇန်နဝါရီလ(၉)ရက်နေ့တွင် ပြုလုပ်မည့် ပညာရေးစုံညီပွဲတော်တွင် အခမ်းအနားဖြင့် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးဖြူထံမှ သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)