ကွန်ဟိန်း ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးအကြို ဟောပြောပွဲနှင့် ဂိမ်းကစားပြိုင်ပွဲအား ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးမှ ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။
ယင်းနောက် ကျောင်းသားလူငယ်များအား (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက် (၅)ရပ်နှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး အကြောင်းအရာများအား အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများမှ ဂိမ်းကစားပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြသည်။ ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)