သတင်းများ

ခိုလမ်မြို့ အ.မ.က(ခလရ-၆၆)ကျောင်း၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်
Jan 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲပိုင်း (၁:၀၀)နာရီအချိန်က အ.မ.က(ခလရ-၆၆)ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် တက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံနှင့် သူနာပြုသားဖွားသင်တန်းကျောင်းရှိ အဆောင်နေ ကျောင်းသား/သူများအား အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး
Jan 02,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံနှင့်သူနာပြုသားဖွားသင်တန်းကျောင်းရှိ အဆောင်နေကျောင်းသား/ သူများအား အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ပဲခူးမြို့တွင် နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ပွဲ(ပထမနေ့)ကျင်းပ
Jan 02,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ပွဲ (ပထမနေ့)ကို ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓေါစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ယမန်နေ့ ည (၇) နာရီအချိန်က ကျင်းပပြုလုပ်သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ကျင်းပ
Jan 02,2024
၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ စစ်တုရင်ပြိုင်ပွဲကို ယနေ့မွန်းလွဲ (၁) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင်ပြုလုပ်ပါသည်။
ကျိုက်မရော၌ အသက်တစ်နှစ်ခွဲအောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
Jan 02,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျန်းမာသန်စွမ်းသောကလေးများနှင့် ရောဂါကင်းဝေးသော မိခင်လောင်းများဖြစ်စေရန်အတွက် လစဥ်လဆန်းရက်များ၌ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယနေ့နံနက် ၁၀ နာရီက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကျန်းမာရေးဆေးပေးခန်းများ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
မကွေးမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကလေးပြပွဲ၊ ပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 02,2024
မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကလေးပြပွဲ၊ ပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ကလေးငယ်များနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြသည်။
ရွှေတောင်မြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပ
Jan 02,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မဲတောအုပ်စု၊ ကမ်းတင်ကျေးရွာတွင် ယနေ့နံနက် (၉း၀၀) နာရီ အချိန်က (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းဖြင့် ဆောင်ရွက်သည့် ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အောင်လံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 02,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။