သတင်းများ

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Jan 02,2024
ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကသာမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို မွေးကင်းစကလေးမှစ၍ (၂)နှစ်အောက် ကလေးငယ်များအား ထိုးနှံပေး
Jan 02,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ကျန်းမာရေးဦးစီးဌာနမှ မွေးကင်းစကလေးငယ်များနှင့် အသက်(၂)လမှ (၂)နှစ်အောက်ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးပေးခြင်းကို ယနေ့ နံနက် (၇)နာရီအချိန်တွင် ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့တော်ခန်းမတို့တွင် ပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာ‌ပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့်စာအုပ်ပြပွဲကျင်းပ
Jan 02,2024
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ ကျောင်းသူများအား လွတ်လပ်‌ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းအ‌ကြောင်းအရာများ၊ စာဖတ်ရှိန်မြင့်မားရေးနှင့် ဉာဏ်ရည်ဉာဏ်သွေးထူးချွန်ထက်မြတ်သော ကျောင်းသားလူငယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပခဲ့သည်။
တောင်တွင်းကြီးကြီးမြို့နယ် အ.လ.က (မြို့မ) ကျောင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jan 02,2024
ကျောင်းသား/ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးနေ့အကြောင်း လေ့လာသိရှိနိုင်စေရန်နှင့် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနေ့ကို တန်ဖိုးထားတက်စေရန် ရည်ရွယ်၍ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်များနှင့် နံရံကပ်စာပြပွဲကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)တွင် ယမန့်နေ့ နေ့လယ်(၁)နာရီခွဲက ကျင်းပခဲ့သည်။
နမ့်စန်မြို့ အ.မ.က (ရေငုပ်) တွင် School Milk Programme အစီအစဉ်ဖြင့် ကျောင်းသား ကျောင်းသူများကို အဟာရတိုက်ကျွေး
Jan 02,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအား ကျန်းမာသန်စွမ်းပြီး ဗလငါးတန်နှင့်ပြည့်စုံ၍ ပညာရေးတွင် ထူးချွန်သည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ Sunjin Myanmar Companyနှင့် မိုးရိပ်ရှမ်းတောင်ပရဟိတအသင်းတို့ပူးပေါင်းပြုလုပ်သော School Milk Programme အစီအစဉ်ဖြင့် အာဟာရတိုက်ကျွေးခြင်းအား အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက် ၁၀နာရီက အမှတ် (၁) ရပ်ကွက်ရှိ ရေငုပ်အခြေခံပညာ မူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် မြတ်ရတနာစာချဓမ္မစကူးလ်သင်တန်း ဆင်းပွဲကျင်းပ
Jan 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊  မြတ်ရတနာစာချဓမ္မစကူးလ်သင်တန်းဆင်ပွဲကို  ယမန်နေ့ နံနက်ပိုင်းက  ကြံခင်းမြို့ စံရာတိုက် စာချကျောင်း၊ ဓမ္မာရုံအတွင်း ကျင်းပခဲ့သည်။
ဂန့်ဂေါမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 02,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။
မောက်မယ်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ
Jan 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းဆင့်ပန်းချီပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။