ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးနိုင်လင်းက (၇၆) နှစ်မြောက် လွန်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ လွတ်လပ်သောနိုင်ငံအဖြစ် စတင်ဖြစ်ပေါ်လာပုံ အကြောင်းအရာများ၊ ဗလငါးတန်နှင့်ပြည့်ဝပြီး မိမိကိုယ်ကို ယုံကြည်မှုရှိသော ကျောင်းသားလူငယ်များရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြိုင်ပွဲတွင် ကျောင်းသား/သူများက“လွတ်လပ်ရေးနေ့ဒို့မမေ့” စာစီစာကုံးဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော ကျောင်းသား/သူများကို တာဝန်ရှိသူများမှ အသီးသီးဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)