ကျောက်တလုံးကြီ ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းအားကစားပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲတွင် မုန့်စား၊ ပူပေါင်းဖောက်၊ အာလူးကောက်၊ အပ်ချည်ထိုး၊ အိတ်စွပ်ပြေး၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ လက်ဆင့်ကမ်း၊ အမြင့်ခုန်၊ အလျားခုန်၊ စကောရွက်၊ ပိုက်ကျော်ခြင်း၊ ဘောလုံးနှင့် ထုပ်စည်းထိုးပြိုင်ပွဲများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးလွင်ကြီးကြပ်မှုဖြင့် ကျင်းပပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ပြိုင်ပွဲများကို ကဏ္ဍအလိုက် ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများကို ဒီဇင်ဘာလ ၄ ရက်နေ့အထိ ကျင်းပပေးသွားမည်ဖြစ်ပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစုံညီပွဲတော်တွင် ဆုများချီးမြင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း