ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်တွင် စားသောက်ကုန်များစျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဒဂုံအရှေ့ ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဥ်မှုဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံကျောင်းများ၌ ဆီ၊ ကြက်ဥ၊ သား၊ ငါးများအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်တွင် ယနေ့နံနက်ပိုင်း ၉ နာရီအချိန်က ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသူ၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ဆီတစ်ပိဿာလျှင်(၅၁၅၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၂၀၀)ကျပ်နှုန်းဖြင့် ဆီ(၂၂၀)ပိဿာ၊ ဝက်သား(၁၅)ပိဿာ၊ ကြက်ဥ(၉၀၀)လုံးတို့ကို ဒဂုံတက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)