ပေါက်ခေါင်းမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

ပေါက်ခေါင်း      ဇန်နဝါရီ     ၂

ပဲခူးတိုင်းဒေသကြီး၊‌ ပေါက်ခေါင်းမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့်အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၁ ရက်နေ့ကစတင်၍ မြို့နယ်အားကစားကွင်း၊ မြို့နယ်အားကစားခန်းမနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပျော်ပွဲရွှင်ပွဲနှင့်အားကစားပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး မြို့နယ်အားကစားကွင်း၌ မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀)  အထက်တန်းနှင့်အလယ်တန်း ကျား/မ အပြေးပြိုင်ပွဲနှင့်လွန်ဆွဲပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ပါဝင်ယှဥ်ပြိုင်ကြပြီး အခြေခံပညာကျောင်း‌ပေါင်းစုံဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်အဆင့်ဌာနပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲများကိုလည်း  စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ‌သည်။ ဗိုလ်လုပွဲ ပွဲစဉ်များကို ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့တွင်ကျင်းပမည်ဖြစ်ပြီး ဆုရရှိသူများကိုလည်း တစ်ပါတည်းချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)