ကျိုက်မရောမြိုု့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကျိုက်မရော ဇန်နဝါရီ ၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပညာရေးဌာနနှင့် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်​မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက အ.လ.က ခွဲ မယ်ကရိုကျောင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက လွပ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ညဏ်ဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည် ဆက်လက်၍ မူလတန်းအဆင့်ပုံပြောပြိုင်ပွဲ ၊ကဗျာရွတ်ဆိုပြိုင်ပွဲ၊အလယ်တန်းအဆင့် ပန်းချီပြိုင်​ပွဲ၊ စာစီစာကုံးပြိုင်ပွဲများကို ကျင်းပရာ အ.လ.က ခွဲ မယ်ကရိုကျောင်းမှ မူလတန်းအဆင့်(၁၂)ဦး၊အလယ်တန်းအဆင့် (၁၅)ဦးတို့က သက်ဆိုင်ရာခေါင်းစဥ်များအလိုက် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆူများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲများအပြီးတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဝန်ထမ်းများက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရူအားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)