သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ပေါင်လင်း)၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jan 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို လွတ်လပ်ရေး၏ အနှစ်သာရများအား ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တန်ဖိုးထား သိမြင်နားလည်တတ်စေရေး၊ လွတ်လပ်ရေး၏ အမွေအား လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်တတ်စေရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ပေါင်လင်း)၌ ကျင်းပပြုလုပ်သည်။
ကျောက်ဆည်မြို့တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့်သတင်းစကားလက်ကမ်းစာစောင်များကို ဇန်နဝါရီ(၃)ရက် နံနက်(၉)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့် ဝန်ထမ်းများက အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
Jan 03,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မုဒုံမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပ
Jan 03,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အား ကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ယနေ့နံနက် ၈ နာရီက အခြေခံပညာစာသင်ကျောင်းများ၌ ကျင်းပသည်။
လှိုင်းဘွဲမြို့နယ်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
Jan 03,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အတွက် အားကစားပြိုင်ပွဲများနှင့် အခြားပျော်ပွဲရွှင်ပွဲများကို အခြေခံပညာကျောင်းများတွင် ကျင်းပဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၃)၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ယမန်​နေ့‌ မွန်းလွဲပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပခုက္ကူမြို့၊ ဗုဒ္ဓကုန်းကမ်းနားလမ်းကွန်ကရစ်ခင်းခြင်း၊ လမ်းဖြတ်တံတားတည်ဆောက်ခြင်းနှင့် Public Area ဖော်ဆောင်ခြင်းလုပ်ငန်းများ ဖွင့်လှစ်
Jan 03,2024
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဗုဒ္ဓကုန်းကမ်းနားလမ်းကွန်ကရစ်ခင်းခြင်း၊ လမ်းဖြတ်တံတားတည်ဆောက်ခြင်းနှင့် အများပြည်သူ အပန်းဖြေအနားယူရန်နေရာ (Public Area) ဖော်ဆောင်ခြင်းလုပ်ငန်းများဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပသည်။
မေတ္တာမြို့၌ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲ ကျင်းပ
Jan 03,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ အားကစားနှင့် ပညာရေးပေါင်းစပ် အထက်တန်းကျောင်းမေတ္တာ၏ ပညာရေးစုံညီပွဲတော်နှင့် ကျောင်းသား၊ကျောင်းသူများအား ဆု‌ပေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မေတ္တာ ဘုရားကျောင်းခန်းမ၌ ကျင်းပသည်။