လပွတ္တာမြို့နယ် ကိုးနဝင်းကျောင်းတိုက်၌ ဓမ္မစကူးလ်သင်တန်းဆင်းပွဲကျင်းပ
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကိုးနဝင်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဓမ္မစကူးလ်သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၇ နာရီအချိန်က ကိုနဝင်း ကျောင်းတိုက်ဓမ္မာရုံအတွင်း ကျင်းပခဲ့သည်။ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ကြပြီး ကိုးနဝင်း ကျောင်းတိုက် စာချကျောင်းဆရာတော် ဦးဝိစိတ္တသာရထံက ငါးပါးသီလခံယူဆောက်တည်ကြသည်။