သတင်းများ

တနင်္သာရီမြို့နယ်တွင် ကျောင်းသားအားကစားပွဲတော်အတွက် မြို့နယ်အဆင့် လူရွေးချယ်ပွဲများ ပြုလုပ်ဆောင်ရွက်
Nov 04,2023
အခြေခံပညာကျောင်းသားအားကစား ပွဲတော်အတွက် အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများ စေလွတ်နိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး-မြိတ်ခရိုင် တနင်္သာမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားအမျိုးအစားအလိုက် လူရွေးချယ်ပွဲကို မြို့မအားကစားကွင်းနှင့် မိုးလုံလေလုံ အားကစားခန်းမအတွင်း ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံးမှကြီးမှူး၍ စီစဉ်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 04,2023
ပဲခူးတိုင်းဒေသကြီ၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လည်က ကျင်းပခဲ့သည်။
(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖြူးဘိုးဘွားရိပ်သာတွင် ဆေးပဒေသာပင်လှူဒါန်း၍ သန့်ရှင်းရေးဆောင်ရွက်
Nov 04,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် (၃၅)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖြူးဘိုးဘွားရိပ်သာအတွက် ဆေးပဒေသာပင် လှူဒါန်း၍ သန့်ရှင်းရေးပြုလုပ်ပေးခြင်းများကို ယနေ့နံနက် (၉) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်ကန်မြို့နယ်တွင် ဒေသဝက်တစ်နိုင်တစ်ပိုင် မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Nov 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် ဒေသခံပြည်သူများအနေဖြင့် ဒေသဝက် တစ်နိုင်တစ်ပိုင်မွေးမြူခြင်းအားဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ၂၀၂၃ ခုနှစ် ဒေသအားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား(၃)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်
Nov 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဒေသအားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ ဖလား(၃)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့မအားကစားကွင်းတွင် ကျင်းပသည်။
မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “လောကဇာတ်ခုံပေါ်မှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Nov 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် လူနေမှုဘဝတိုးတက်စေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “လောကဇာတ်ခုံပေါ်မှာ”ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ အမွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
ကဝမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့် မြို့နယ်အဆင့် လူရွေးပွဲပြုလုပ်
Nov 04,2023
ပဲခူးဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော်အတွက် အရည် အချင်းပြည့်မီသော ထူးချွန်အားကစားသမား များ စေလွတ်နိုင်ရေးအတွက် အားကစားလေ့​ကျင့်ပေးခြင်းနှင့် မြို့နယ်အဆင့် အခြေခံ ပညာကျောင်းပေါင်းစုံ ပဏာမလူရွေးချယ်ပွဲကို ယနေ့ နံနက် ၇ နာရီအချိန်မှစ၍ အ.ထ.က (ကဝ)ကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့ သည်။
လှည်းကူးမြို့နယ်၌ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Nov 04,2023
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ သာသနာတော်နှစ် ၂၅၆ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၅ခုနှစ် သီတင်းကျွတ်လပြည့်ကျော်(၅)ရက်နေ့မှစ၍ တစ်နှစ်ပတ်လုံး (၃၆၅) ရက်အား ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် တစ်မြို့နယ်လျှင် ၅ ရက်ဖြင့် မဟာပဋ္ဌာန်းကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်ရာ မြို့နယ် သံဃနာယကအဖွဲ့၏ သြဝါဒများနှင့်အညီ အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်ရှိ နိဗ္ဗာန်ဆိပ်ဦးသာသနာ့ဗိမာန်တော်ကြီး၌ ယမန်နေ့  ညနေ ၄ နာရီက ကျင်းပကြောင်း သိရသည်။