ရွှေသောင်ယံမြို့တွင် တစ်နိုင်တစ်ပိုင် ဆောင်းသီးနှံများ စိုက်ပျိုး၍ ဝင်ငွေရရှိ
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယခုဆောင်းဦးရာသီ၌ တစ်နိုင် တစ်ပိုင် ဆောင်းသီးနှံများ စိုက်ပျိုး၍ မိသားစုဝင်ငွေများ ရှာဖွေလာကြသည်။ သို့ရာတွင် ရွှေသောင်ယံမြို့ရှိ ဆောင်းသီးနှံများ စိုက်ပျိုးသော နေရာများမှာ ရွှေသောင်ယံမြို့ အမှတ်(၁) ရပ်ကွက်နှင့် သဲကုန်းကျေးရွာအုပ်စုတို့၌ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။