လှိုင်းဘွဲမြို့နယ်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

လှိုင်းဘွဲ ဇန်နဝါရီ ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အတွက် အားကစားပြိုင်ပွဲများနှင့် အခြားပျော်ပွဲရွှင်ပွဲများကို အခြေခံပညာကျောင်းများတွင် ကျင်းပဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၃)၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအားကစားပြိုင်ပွဲများကို ဆရာ၊ဆရာမများ၊ ကျောင်းကောင်မတီဝင်များက ဦးဆောင်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အတွက် အပြေးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ အမြင့်ခုန်ပြိုင်ပွဲ၊ အုန်းသီးရိုက်ပြိုင်ပွဲ၊ မုန့်လက်ကောက်စား ပြိုင်ပွဲများနှင့်အခြားပျော်ပွဲရွှင်ပွဲများကို ကျောင်းသား၊ကျောင်းသူများက ပျော်ရွင်စွာယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသောကျောင်းသား၊ကျောင်းသူများအား ဆုများချီမြှင့်ခဲ့ကြောင်း သိရသည်။

စောဖိုးခွါး(ပြန်/ဆက်)