ကျောက်ဆည် ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့်သတင်းစကားလက်ကမ်းစာစောင်များကို ဇန်နဝါရီ(၃)ရက် နံနက်(၉)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့် ဝန်ထမ်းများက အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော အမျိုးသားညီညွှတ်ရေးအကြောင်းများ၊ ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ(၄)ရက်နေ့ (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာမှကောက်နုတ်ချက်များ၊ ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြပါရှိသည့် မြန်မာနိုင်ငံသားတို့၏ မွေးရာပါတာဝန် ဆောင်းပါးတွင်ပါရှိသည့်ကောက်နုတ်ချက်များ၊ လွတ်လပ်ရေးနှင့်အချုပ်အခြာ မျိုးချစ်စိတ်နှင့်ကာကွယ်ပါ၊ ပြည်တွင်းစည်းလုံးညီညွှတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ်၊ လွတ်လပ်ရေးဆိုသည်မှာ၊ မြင်းမူမောင်နိုင်မိုးရေးသားသည့် လွတ်လပ်ရေးဆိုသည်မှာ ကဗျာနှင့်ကာတွန်း၊ ဆောင်ပုဒ်စသည့်အကြောင်းအရာများပါရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)