သတင်းများ

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာလေမြို့၊ တာကြန့်ခေတ်မီစံပြကျေးရွာ၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပ
Jan 03,2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ တာလေမြို့၊ တာကြန့်ခေတ်မီစံပြကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို  ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်
Jan 03,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ရောက်ရှိမည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၁)နာရီ ဆောင်ရွက်ခဲ့ကြသည်။
မိုးကောင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အခြေခံပညာကျောင်းများ၌ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၁၁)နာရီတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ
Jan 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာ‌စောင်ပြပွဲဆောင်ရွက်
Jan 03,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အခြေခံပညာအလယ်တန်းတန်း(ကြို့ကုန်း)ကျောင်းနှင့် အခြေခံပညာမူလတန်း(လွန်)(အင်းပတ်လည်)ကျောင်းတို့တွင် ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြသခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မော်လမြိုင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 03,2024
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ယုက ကော်မတီဝင်များအနေနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို မိမိတို့ဌာနရဲ့ လုပ်ငန်းဆောင်ရွက်ချက်များနဲ့အတူ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် လစဉ်အစည်းအဝေးကို ဆောင်ရွက်သွားရန် စီစဉ်ခဲ့သော်လည်း ပြည်နယ်လူမှုဝန်ထမ်းရုံးရဲ့ လုပ်ငန်းအခက်အခဲများကြောင့် ယခုအစည်းအဝေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးအနေဖြင့်လည်း ဖြစ်ရပ်များကို စနစ်တကျနည်းလမ်းမှန်ကန်စွာ လွှဲပြောင်းနိုင်ရေးအတွက် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုသင်တန်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြည်နယ်လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ (၂၇-၉-၂၀၂၃) ရက်နေ့မှ (၂၉-၉-၂၀၂၃) ရက်နေ့ထိ (၃) ရက်တာကို သင်တန်းသား (၃၀) ဦးဖြင့် ဖွင့်လှစ်ပေးခဲ့သည်ကို သိရှိရပါကြောင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ စာရင်းဇယားများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့တင်ပြထားပြီး ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီဝင်များအနေဖြင့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ရှေးရှု၍ မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ခိုလမ်မြို့၊ အ.မ.က(နောင်ပိန်)ကျောင်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jan 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် အခြေခံပညာမူလတန်း(နောင်ပိန်)ကျောင်းနှင့် ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပခဲ့​ပါသည်။
ဟုမ္မလင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနဆိုင်ရာ‌ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ
Jan 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနဆိုင်ရာ ၀န်ထမ်းပေါင်းစုံ အမျိုးသား/အမျိုးသမီးများ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၀င်းတွင် စတင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။