မုဒုံမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပ

မုဒုံ ဇန်နဝါရီ ၃

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အား ကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ယနေ့နံနက် ၈ နာရီက အခြေခံပညာစာသင်ကျောင်းများ၌ ကျင်းပသည်။

ကျောင်းသား/ သူ၊ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာစေရန် ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ မီတာ (၄၀၀) / (၂၀၀) အပြေးပြိုင်ပွဲ၊ ခေါင်းအုံးရိုက်၊ လွန်ဆွဲ၊ စကောရွက်၊ မုန့်ကိုက်၊ ဘော်လုံးကောက် စသည့်အားကစားနည်းများကို ကျင်းပရာ ကျောင်းသား/ သူများက ပျော်ရွှင်စွာ ပါဝင်ယှဥ်ပြိုင်ကစားကြသည်။

ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိသည့် အသင်းအဖွဲ့များ ကျောင်းသား/ သူများကို ကျောင်းအုပ်ဆရာမကြီးများနှင့် တာဝန်ရှိသူများတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)