မန်ကန် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အေးကပ်(တာဝန်ခံ)က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၅)ဦးက စာစီစာကုံးပြိုင်ပွဲအားလည်းကောင်း၊ အလယ်တန်းအဆင့်မှ ကျောင်းသား/ကျောင်းသူ(၁၅)ဦးက ကဗျာရွတ်ပြိုင်ပွဲအားလည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြပြီးဆုရ ကျောင်းသား/ကျောင်းသူများကို မန်ကန်မြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်အေးကပ် (တာဝန်ခံ)မှ ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
အေးကပ်(မြို့နယ်၊ ပြန်/ဆက်)