ပုသိမ်ကြီး ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး)တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပခြင်းကို ယနေ့ နံနက် ၆ နာရီခွဲက စတင်ကာ အဆိုပါ တက္ကသိုလ်တွင်း၌ ကျင်းပခဲ့သည်။
ပျော်ပွဲရွှင်ပွဲ အားကစားများအနေဖြင့် မီတာ (၄၀၀) လက်ဆင့်ကမ်းပြေး၊ မီတာ(၁၀၀)သုံးချောင်း ထောက်ပြေး၊ ထုတ်ဆီးထိုး၊ လွန်ဆွဲပွဲ၊ စကောရွက်နှင့် အပ်ထိုးပြိုင်ပွဲများကို ဒုတိယပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာလင်းထက်မြင့်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး)၏ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပေးမည် ဖြစ်ကြောင်း အဆိုပါတက္ကသိုလ် မော်ကွန်းထိန်းထံမှ သိရသည်။
ဇာနည်ကိုကို(ပြန်/ဆက်)