မိုင်းရှူး ဇန်နဝါရီ ၃
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးတွင် ကျင်းပပြုလုပ်သည်။
ကလေးပြိုင်ပွဲတွင် မွေးကင်းစကလေးအရွယ်မှ အသက်(၂)နှစ်အရွယ်ရှိ ကလေးများကို ကိုယ်အလေးချိန်၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ အသိဥာဏ်ဖွံ့ဖြိုးမှုများ၊ တစ်ကိုယ်ရည်သန့်ရှင်းခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း အကဲဖြတ်ရမှတ်များအပေါ် သတ်မှတ်၍ ဆုရကလေးများ အားဆုများပေးအပ်ချီးမြှင့်သည်။
အဆိုပါကလေးပြိုင်ပွဲကို ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး မွေးကင်းစအရွယ်မှ အသက်(၂)နှစ်ထိ ကလေး(၅ဝ)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)