မိုးကောင်း ဇန်နဝါရီ ၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဂျီ)၊ ပြင်းထန်းဝမ်း ပျက်ဝမ်းလျှော(ရိုတာ)၊ ဆုံစို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနောက်ရောင်ကာကွယ်ဆေးများကို မွေးစမှ (၂)လ၊ (၄)လ၊ (၆)လ၊ (၉)လနှင့် တစ်နှစ်ခွဲကလေးငယ်များအား အသက်အရွယ်အလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့်စတုတ္ထအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးထိုးနှံတိုက်ကျွေးခြင်းများကို ဇန်နဝါရီ(၂)ရက်မှ စတင်ထိုးနှံလျှက်ရှိပြီး နံနက်(၉)နာရီမှ နေ့လယ် (၁၂)နာရီထိ တစ်ကြိမ်၊ နေ့လယ်(၁)နာရီမှ ညနေ(၃)နာရီထိ တစ်ကြိမ် မြို့ပေါ်ရှိ(၁၀) ရပ်ကွက်အား ရပ်ကွက်အလိုက် ထိုးနှံပေးကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)