ပြည်ကြီးတံခွန် ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(၂၇)ကျောင်းတွင် ယနေ့နံနက် ၉ နာရီမှ စတင်၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဒေါ်နှင်းမူနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်အားပေးကြပြီး အားကစားပြိုင်ပွဲများအဖြစ် အခြေခံပညာမူလတန်းအဆင့် အာလူးကောက်(ကျား) ၅ ဦး ကြက်မခွပ် (မ) ၅ဦး၊ ပူဖောင်းဖောက် ကျား ၅ ဦး၊ မုန့်စား(မ) ၅ ဦး၊ အလယ်တန်းအဆင့် အပြေး (မီတာ) ၁၀၀ (ကျား) ၅ ဦး၊ စာအုပ်ရွက် (မ) ၅ ဦး၊ ခြေပူးပြေး (ကျား) ၅ ဦး၊ အပ်ထိုး (မ) ၅ ဦးတို့ အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲ ကျင်းပရာ ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက အသီးသီး ဆုချီးမြှင့်ကြပြီး ကျန်ရှိသည့် အထက်တန်းအဆင့် အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၄ ရက်နေ့တွင် ဆက်လက်ကျင်းပပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးပြောပြ၍ သိရသည်။
ခင်စောလွင်(ပြန်/ဆက်)