သတင်းများ

ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲကျင်းပ
Nov 06,2023
တနင်္သာရီတိုင်ဒေသကြီး၊ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) အား မြိတ်ခရိုင် မီးသတ်ဦးစီးမှူးရုံး (အစည်းအဝေးခန်းမ)၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
လားရှိုးမြို့တွင် ရောက်ရှိနေကြသော ယာယီနေရပ်စွန့်ခွာသူများအတွက် ကျန်းမာရေးလိုအပ်ချက်များကို ကျန်းမာရေးဝန်ထမ်းများနှင့်ကြက်ခြေနီအသင်းခွဲမှ ကူညီဆောင်ရွက်ပေးလျက်ရှိ
Nov 06,2023
လားရှိုးမြို့နယ်အနီး ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ယာယီတိုက်ပွဲရှောင်နေကြရသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် လိုအပ်သည့် ဆေးဝါးလိုအပ်မှုများနှင့် ကျန်းမာရေးလိုအပ်ချက်များအတွက် ကူညီမှုပေးနိုင်ရန် လားရှိုးမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်းခွဲမှ ကူညီဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်ရုံး၊ Community Centre ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Nov 06,2023
ပျော်ဘွယ်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို နိုဝင်ဘာလ(၆)ရက်၊ နံနက်(၉)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ၁/၂၀၂၃ ဖွင့်လှစ်
Nov 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မီးသတ်စခန်း၌ အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်ခရိုင် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
ဥတ္တရခရိုင် ပြည်သူ့ကြည့်တိုက်၌ ဖိုးထောင် ဇာတ်လမ်းစုံစာအုပ်ဖြင့် (Book Club)အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Nov 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်၌ စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော် စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက အမျိုးသာစာပေဆုရှင် စာရေးဆရာကြီး စိုးတင့် (ဧရာဝတီ) ရေးသားသည့် "ဖိုးထောင်ဇာတ်လမ်းစုံ" စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။
ရှမ်းရွာသစ်မြို့ လမ်းဦးစီးဌာနမှဆောင်ရွက်သော ကျောက်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းများဆောင်ရွက်
Nov 06,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာမှ ဘဏ္ဍာနှစ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို စက်တင်ဘာလ ပထမပတ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် (၅၀)ရာခိုင်နှုန်းဆောင် ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။