အုတ်တွင်း ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် နတ်စဉ်ကုန်းကျေးရွာအုပ်စု ကွမ်းသီးခြံကျေးရွာ ကွင်းအမှတ် (၃၃၅)အတွင်းရှိ စနစ်ကျလယ်ယာမြေများတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး ပျိုးထောင်နေမှုအခြေအနေကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စိုက်ပျိုးညှိနှိုင်းရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးမြင့်ဇော်နှင့် မြို့နယ်စိုက်ပျိုးညှိနှိုင်းရေးကြီးကြပ်မှုအဖွဲ့တို့ သွားရောက်ခဲ့ပြီး စနစ်ကျလယ်ယာမြေများတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး စပါးကိုဆားရေစိမ်၍ စိုက်ပျိုးခြင်း နည်းပညာနှင့် လက်ဆွဲကောက်စိုက်စက် အသုံးပြုခြင်းများကို ဒေသခံတောင်သူများအား သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ခရိုင်စိုက်ပျိုးညှိနှိုင်းရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌက စနစ်ကျစိုက်ပျိုးခြင်းနည်းပညာနှင့် ပတ်သက်၍လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အေမင်းရည်စော (ပြန်/ဆက်)