စလင်း ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ တောစိမ့်ကျေးရွာနှင့် အုတ်ဖိုကန်ကျေးရွာများသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှု၊ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စီမံခန့်ခွဲမှုစားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျေးလက်နေပြည်သူများ မိသားစုများ အခြေခံစားသောက်ကုန်စားအုန်းဆီကို ယနေ့နံနက် ၈နာရီအချိန်က ကျေးရွာများအရောက်သွားရောက်၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီရောင်းချရာသို့ မင်းဘူးခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုထွန်းနှင့် တာဝန်ရှိသူများ စလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးဆန်းလင်းမောင် တို့လိုက်ပါကြီးကြပ်၍ စားအုန်းဆီများကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် စလင်းမြို့နယ် တောစိမ့်ကျေးရွာအုပ်စုနှင့် အုတ်ဖိုကန်ကျေးရွာ နေထိုင်လျှက်ရှိသော ပြည်သူများကို စနစ်တကျဖြင့် ဝယ်ယူစားသုံးနိုင်ရန် စီတန်း၍လည်းကောင်း မင်းဘူးခရိုင် ဆီကုန်သည်များအသင်း ဆင်ဖြူကျွန်းမြို့ ဆီစက်လုပ်ငန်းရှင် ရွှေတိမ်လွှာဆီ စက်ဦးမောင်မောင်လွင် ဆီစက်လုပ်ငန်းနှင့် ရောင်းဝယ်ရေးမှ ရောင်းချလျှက်ရှိရာ ကာလပေါက်စျေးထက် စျေးနှုန်းလျှော့ချကာ စားသုံးဆီတစ်ပိသာလျှင် (၅၈၀၀) ကျပ်နှုန်း လူတစ်ဦးလျှင် တစ်ပိသာနှုန်းဖြင့် ပိသာ (၅၅၀)ပိသာရောင်းချပေးနိုင်ခဲ့သည့်အတွက် ပြည်သူတို့၏ လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေခဲ့ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် နောက်ရက်များတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရှိရသည်။
မောင်လွင်