သတင်းများ

ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ ကာယဥာဏဂိမ်းကစားပြိုင်ပွဲ ဆောင်ရွက်
Nov 22,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ဂိမ်းကစားပြိုင်ပွဲအား ယနေ့ နံနက် ၁၀ နာရီခွဲခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပုသိမ်ကြီးမြို့နယ် စည်သာယာမူလတန်းလွန်ကျောင်းတွင် စာအုပ်/စာစောင်ပြပွဲ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Nov 22,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ စာအုပ်/စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက စည်သာယာရပ်ကွက်ရှိ မူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံမှု ရာခိုင်နှုန်းပြည့်မီကျော်လွန်စေရေး ဆီထွက်သီးနှံများကို တိုးမြှင့်စိုက်ပျိုး
Nov 22,2023
ဆီဖူလုံရေးအတွက် ယခုနှစ်ဆောင်းရာသီတွင် ကရင်ပြည်နယ်အတွင်း ဆီထွက်သီးနှံဆောင်းမြေပဲ ၃၁၃၉၂ ဧက၊ ဆောင်းနှမ်း ၄၁၁၄၄ ဧကနှင့် ဆောင်းနေကြာ ၃၈၇၉ ဧကတို့ကို စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၂၀၇(က)၊ ထန်းတပင်ကွင်းရှိ တောင်သူဒေါ်ထူးရီ၏ ဆောင်းမြေပဲစိုက်ခင်း၌ ကျင်းပသည့် ဆောင်းဆီထွက်သီးနှံမြေပဲ အစေ့ချကိရိယာဖြင့်စိုက်ပျိုးကွင်း သရုပ်ပြပွဲနှင့် ဂျစ်(ပ်)ဆမ်မြေဩဇာပေးအပ်ပွဲမှ သိရသည်။
စလင်းမြို့နယ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်လစာငွေများ ဒုတိယနေ့ ဆက်လက်ထုတ်ပေးလျက်ရှိ
Nov 22,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားပင်စင်စားများအား နိုဝင်ဘာ(၂၂)ရက် ယနေ့နံနက်(၇)နာရီ အချိန်မှ  စတင်ကာ ဒုတိယနေ့အဖြစ် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။  
တောင်ကုတ်မြို့၌ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Nov 22,2023
တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသော ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က တောင်ကုတ်မြို့ တပ်ဦးကျောင်း ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်သည်။
နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာ အကြိုလှုပ်ရှားမှုအထိမ်းအမှတ် ( GBV ) အသိပညာပေးသင်တန်းဖွင့်လှစ်
Nov 22,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ အကြိုလှုပ်ရှားမှုအထိမ်းအမှတ် (GBV) အသိပညာပေးသင်တန်းကို နိုဝင်ဘာ(၂၀)ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
နတ်တလင်းမြို့၌ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးညီလာခံ (၂၀၂၃) အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးလှုပ်ရှားမှု ပြုလုပ်
Nov 22,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ မြန်မာနိုင်ငံပြည်သူကျန်းမာရေးညီလာခံ (၂၀၂၃) အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးလှုပ်ရှားမှုအနေဖြင့် ကျောင်းကျန်းမာရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီအချိန် သာဇီရပ်ကွက် အ.မ.က ပြည်တော်သာကျောင်းတွင် ပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် အင်တောကျယ်ကျေးရွာတွင် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ရောင်းအားကောင်း
Nov 22,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် တောင်သူများ ပျိုးထောင်ရောင်းချသည့် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိနေကြောင်း ကျောက်ပန်းတောင်းမြို့နယ် အင်တောကျယ်ကျေးရွာ ထန်းပင်မြစ်ပျိုးထောင်ရောင်းချသူ ဦးကျော်ထွန်း ထံက သိရသည်။