သတင်းများ

အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲကျင်းပ
Nov 06,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် အောင်ပန်းမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖြစ်သည့် အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ သိမ်ကျောင်းတော်ရေစက်ချ ကထိန်သင်္ကန်းကပ်လှူပွဲနှင့် အလှူတော်ငွေပေးအပ်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ
Nov 06,2023
သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ ဓမ္မာဝိဟာရပထမကျော် စာသင်တိုက်နှင့် ဓမ္မာရိပ်သာဘုန်းတော်ကြီးကျောင်းတွင် သိမ်ကျောင်းတော်ရေစက်ချပွဲ၊ ကထိန်သင်္ကန်းကပ်လှူပွဲနှင့် အလှူတော်ငွေပေးအပ်ပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၉း၀၀)နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ င/က ရပ်ကွက်၊ ဇာဝေယာလမ်းရှိ ဓမ္မာဝိဟာရပထမကျော် စာသင်တိုက်နှင့် ဓမ္မာရိပ်သာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ အခြေခံပညာကျောင်း အားကစားပြိုင်ပွဲများအတွက် မြို့နယ်အဆင့်လူရွေးပွဲများ ဆက်လက်ကျင်းပ
Nov 06,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၇ နာရီအချိန်က ၂၀၂၃-၂၀၁၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ အားကစားပြိုင်ပွဲအတွက် မြို့နယ်အဆင့် လူရွေးပွဲများကို မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ဆက်လက်ကျင်းပခဲ့သည်။
ကွန်ဟိန်းမြို့နယ် အခြေခံပညာမူလတန်းကျောင်း(နမ့်ခမ်း)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Nov 06,2023
ကွန်ဟိန်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း(နမ့်ခမ်း)၌ ကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်၌ "ဆေးလိပ် ငွေ့ကင်းစင် ကျိုက္ခမီ‌ ရေလယ် ဘုရား ပရဝုဏ်တစ်ခွင်" လုပ်ငန်းအောင်မြင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 06,2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၄ ခုနှစ် ASEAN Smoke Free Award (ASA) ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် ကျိုက္ခမီမြို့ ကျိုက္ခမီ‌ရေလယ်ဘုရား ကုန်းတော်ပေါ်၌ ဆေလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ပြီး "ဆေးလိပ်ငွေ့ကင်းစင် နယ်မြေအဖြစ် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိ့နှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင် မြတ်ဘုရားကြီးကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်ခန်းမ၌ကျင်းပရာ မြို့နယ်ဆေးလိပ်ငွေ့ကင်းစင်ရေး အကောင်အထည်ဖေါ် ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျိုက္ခမီမြို့ဘုရားဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ဘုရားပုရဝုဏ်အတွင်းရှိ စျေးဆိုင်ခန်းများမှဆိုင်ရှင်များ တက်ရောက်ခဲ့ကြသည်။
မိုင်းရယ်မြို့နယ်၌ မိုးစပါး စံပြကွက်ရိတ်သိမ်း
Nov 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး တစ်ဧက တင်း(၁၀၀) အထွက်နှုန်းရရှိရေး (၁၀)ဧက စံပြကွက် ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၉ နာရီက နောင်မို ကျေးရွာအုပ်စု၊ တောင်သူ ဦးစိုင်းရွှေလူပါ(၃)ဦးပိုင်၊ ကွင်းအမှတ် (၁၁)၊ ဦးပိုင်အမှတ်(၆/၇/၈)၌ ပြုလုပ်သည်။
လပွတ္တာမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Nov 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ် တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ရွေးနဒီခန်းမ၌ ကျင်းပသည်။
မြဝတီမြို့၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်လှစ်
Nov 06,2023
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြဝတီ(ရုံးခွဲ)နှင့် ဟိုတယ်လုပ်ငန်းရှင်များ၏ ပံ့ပိုးကူညီမှု တို့ဖြင့် ယနေ့နံနက် ၉ နာရီတွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို မြဝတီမြို့၊ City Home ခန်းမ၌ ကျင်းပသည်။