မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ငုဝါဆောင်ခန်းမတွင် ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားကို အ.ထ.က(၂)မှ ကျောင်းသား/ သူလေးများက "ကြိုဆိုပါသည်စုံညီပွဲတော်"သီချင်းဖြင့် ဖွင်လှစ်ခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးသီဟဇော်နှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းလွင်တို့က အဖွင့်မှာစကားပြေားကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်စန်းက စုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးများ၊ ဆရာ/ဆရာမများက ဆုအသီးသီးချီးမြှင့်ပေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူလေးများက "ကျေးဇူးတင်ပါတယ်ရှင်"၊ "လောကအားမာန်"၊ "အဆိုးလေး"၊ "ပျိုဖုန်းလှမ်းခဲ့ပါ"၊ "ဦးရွှေရိုးနှင့်ဒေါ်မိုး"အက၊ "ဒုံယိမ်း"က၊ "အလှကမ္ဘာမြေ"စသည့် တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းလွင်၊ အဖွဲ့ဝင်(၂)ဦးတင်လှိုင်၊ အဖွဲ့ဝင်(၃)ဦးစောဝဏ္ဏ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ ဆုရကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)