ကျောက်တလုံးကြီး ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ စာတတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် စဉ်ဆက်ပညာရေးသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အခြေအနေများကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီးတို့က ယနေ့နံနက် ၉ နာရီက လာရောက်ကြည့်ရှုအားပေးကြသည်။
စဉ်ဆက်ပညာရေးသင်တန်းကို ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် နောင်ခဲအခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဒေသခံပြည်သူများသင်တန်းသို့ တက်ရောက်သင်ယူနေမှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးပြီး သင်တန်းသားများအတွက် သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးမှ အခြေခံပညာအထက်တန်းကျောင်းများမှ တာဝန်ရှိသူများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းသို့ ကျောက်တလုံးကြီးမြို့အတွင်းရှိ ဒေသခံသင်တန်းသူ၊ သင်တန်းသား (၁၄၁)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း