သတင်းများ

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်မီမီစိုး၊ ကျောက်ဆည်မြို့နယ် ဆယ်အိမ်စုမှူးများနှင့်တွေ့ဆုံ
Nov 05,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၈)နာရီက မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးနှင့် တာဝန်ရှိသူများသည် ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာမှ အမျိုးသမီးရေးရာအဖွဲ့ ဆယ်အိမ်စုမှူးများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ရှိ ဈေးများတွင် ဈေးရောင်းဈေးဝယ်များဖြင့် ပုံမှန်အတိုင်းဖွင့်လှစ်ရောင်းချ
Nov 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအနီးတွင် ပစ်ခတ်မှုများ ဖြစ်ပွားနေသော်လည်း လားရှိုးမြို့တွင်းရှိ ဈေးများ၊ ဈေးဆိုင်များမှာ ပုံမှန်အတိုင်းရောင်းဝယ်လျက် ရှိနေကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ရေးလှုပ်ရှားမှုဆောင်ရွက်
Nov 05,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် သန့်ရှင်းသာယာသော မြို့တော်ဖြစ်စေရေးအတွက် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများဦးဆောင်၍ စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ရေးလှုပ်ရှားမှုကို ယနေ့နံနက် ၈ နာရီက လူစည်ကားရာ ကျိုက်ရော မြို့မစျေးကြီးအတွင်း၌ ပြုလုပ်ခဲ့သည်။
လားရှိုးမြို့ရှိ ယာယီနေရပ်စွန့်ခွာသူများအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ စေတနာရှင်အလှူရှင်များက စားသောက်စရာများ လာရောက်လှူဒါန်း
Nov 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သဖြင့် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ယာယီတိမ်းရှောင်နေကြရသော ယာယီနေရပ်စွန့်ခွာသူများသည် နေရပ်မပြန်နိုင်သေးသဖြင့် ၎င်းတို့အတွက် စေတနာရှင်အလှူရှင်များက ဆန်၊ ဆီနှင့် အခြားအသုံးအဆောင်ပစ္စည်းများ လာရောက်လှူဒါန်းလျက်ရှိနေကြကြောင်း သိရသည်။
တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) ကျုံကူးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
Nov 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနမှ နယ်လှည့်အထူးကုဆေးအဖွဲ့မှပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ယမန်နေ့တွင် ကျုံကူးကျေးရွာအုပ်၊ ကျုံကူးကျေးရွာသို့ရောက်ရှိ၍
မိုင်းနောင်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းဆောင်ရွက်
Nov 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်(၈) နာရီမှညနေ(၄)နာရီထိ တိုက်နယ်ကျန်းမာရေးဌာနတွင်ဆောင်ရွက်ခဲ့သည်။
ဒိုက်ဦးမြို့နယ်ရှိ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအား ပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Nov 05,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီးကျေးရွာ တောင်သူ အသိပညာပေးစခန်း၌ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအား ပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အုတ်တွင်းမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုများအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ စားနပ်ရိက္ခာများ ထောက်ပံ့
Nov 05,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ယာယီနေရပ်စွန့်ခွာသူစခန်းများရှိ ‌အိမ်ထောင်စုများအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ နိုဝင်ဘာ ၄ ရက် ညနေပိုင်းက စားနပ်ရိက္ခာများ လာရောက်ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။