ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နတ်တလင်းမြို့ ပြည်သူ့ဆေးရုံသစ်ဆောက်လုပ်ပြီးစီးမှုအားကြည့်ရှုစစ်ဆေး

နတ်တလင်း ဇန်နဝါရီ ၆

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက နတ်တလင်းခရိုင်၊ နတ်တလင်းမြို့ ပြည်သူ့ဆေးရုံသစ် ဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သီဟ က ဆေးရုံသစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ရာ ပြည်ထောင်စုဝန်ကြီးမှ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း‌ ဆောင်ရွက်ပေးပြီး ဆေးရုံသစ်အဆောက်အဦးအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင်တည်ဆောက်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)