မော်လမြိုင် ဇန်နဝါရီ ၆
မွန်ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်များတွင် မြို့တွင်း၊ မြို့ပြင်ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်လေဆိပ်အတွင်း လေဆိပ်ပြေးလမ်းပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုအားပေးခဲ့သည်။
ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ပြည်နယ်/ ခရိုင်/ မြိုနယ်အဆင့် ဌာနဆိုင်ရာ အဖွဲအစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ မီးသတ်တပ်ဖွဲဝင်၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၇၀) ခန့်သည် မော်လမြိုင်လေဆိပ်အတွင်း လေဆိပ်ပြေးလမ်း ပတ်ဝန်းကျင်၌ သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများ၊ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းဆောင်ရွက် နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်၀န်ကြီးချုပ်က လေဆိပ်ဝန်းကျင် စိမ်းလန်းစိုပြေသာယာလှပစေရေး၊ မီးဘေးလုံခြုံရေး စနစ်တကျထားရှိစေရေး၊ လေဆိပ်ဝန်းကျင်အတွင်း ကျူးကျော်များ မရှိစေရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ကြရန် တာ၀န်ရှိသူများအားမှာကြားခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာစာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)