ဖြူး ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ချေးငွေကိုဂျေပူကျေးရွာအုပ်စု၊ ဂျေပူကျေးရွာ၌ ထုတ်ချေးပေးမည်ဖြစ်ရာ ယနေ့၊ နံနက်ပိုင်းက အဆိုပါဂျေပူကျေးရွာရှိ ချေးငွေထုတ်ချေးပေးနိုင်ခွင့်ရှိသူ၊ ချေးငွေအောင်မြင်သူများအား ချပြရှင်းလင်းခြင်း၊ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)မှ ချေးငွေများထုတ်ချေးပေးမှု အခြေအနေများ၊ စီမံကိန်းလက်စွဲစာစောင်ပါ လုပ်ငန်းစဉ်များနှင့် အကြောင်းအရာများ၊ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့်ခံစားခွင့်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မည့် အသင်းသား(၇၆)ဦးထံသို့ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) အရင်းမပျောက်လည်ပတ်ရန် ပုံငွေကျပ်(၂၄၀)သိန်းကို စတုထ္ထအကြိမ်ထုတ်ချေးပေးမည်ဖြစ်ရာ ကျေးရွာကော်မတီဝင်များက တက်ရောက်လာကြသည့် ကျေးရွာသူ/ ကျေးရွာသားများအား ကန့်ကွက်မည့်သူ ရှိ/ မရှိ ဆန္ဒရယူပြီး အသင်းသား/ အသင်းသူများ၏ လက်ဝယ်အရောက် အချိန်မီထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်ထံမှ သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)