စေတုတ္တရာ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်ပညာရေးစုံညီပွဲတော် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကို မြို့နယ်ပညာရေးမှူးရုံး (Shelter)တွင် ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။
ဦးစွာအခမ်းအနားတွင် အခြေခံပညာအထက်တန်း (စေတုတ္တရာ)နှင့် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲတို့မှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေဖွင့်လှစ်၍ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်သဘင်ဥက္ကဋ္ဌ ဦးမိုးတင်က အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်များအား ယာဥ်ပြိုင်ကြမည် တေးသီချင်း၊ အကများကို မဲနှိုက်ရွေးချယ်စေပြီးနောက် မြို့နယ်အတွင်းမှ အသက်(၁၅)နှစ်အောက် အမျိုးသမီးငယ်ကျောင်းသူများက မဲနှိုက်ရွေးချယ်ရာတွင် "ဘယ်ပန်းချီရေးလိုမမှီ"သီချင်းဖြင့်လည်ကောင်း အသက်(၁၅)နှစ်အောက် ကျောင်းသားမှ မဲနှိုက်ရာ "လုလင်ငယ်သွေး"သီချင်း၊ အသက်(၁၅)နှစ်အထက် ကျောင်းသားမှ"လူချွန်လူကောင်း"၊ ဝါသနာရှင်အဆင့် ဆရာ၊ ဆရာမများမှလည်း တေးသီးချင်းဖြင့် ပါဝင်ယာဉ်ပြိုင်ကြခြင်း၊ အကပြိုင်ပွဲတွင်လည်း အမျိုးသမီးအသက် (၁၅)နှစ်အောက်နှင့် အသက်(၁၅)နှစ်အထက် ပါဝင်ယာဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးသိန်းမင်းဇင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆရာ၊ ဆရာမကျောင်းသား၊ ကျောင်းသူများက အားပေးကြည့်ရူခဲ့ကြပြီးနောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် ဆုရရှိသူများကို ဇန်နဝါရီ(၇)ရက် မြို့နယ်ပညာရေးစုံညီပွဲတော် ဆုချီမြှင့်ပွဲအခမ်းအနားတွင် ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန် (ပြန်/ဆက်)