သနပ်ပင်မြို့နယ်တွင် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

သနပ်ပင် ဇန်နဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းအ.ထ.က(သနပ်ပင်)ဇီဇဝါခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု‌ပေးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(သနပ်ပင်)မှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်လင်းထက်မှ အဖွင့်အမှာစကားပြောကြားပြီး ပညာရေးဆိုင်ရာအချက်အလက်များနှင့် ပညာရေးစုံညီပွဲ‌‌တော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို မြို့နယ်ပညာရေးမှူးဦးကျော်မြင့်က ရှင်းလင်းပြောကြားခဲ့သည်။  ထို့နောက် တိုင်း/ခရိုင် မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံး၊ ကျပန်းစကား‌ပြိုင်ပွဲများ၊ ဉာဏစွမ်းရည်၊   ကာယစွမ်းရည်များ၌ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများနှင့် ပညာရည်ထူးချွန်ဆုရရှိသော ဆရာ၊ ဆရာမများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

လှမိုး (ပြန်/ဆက်)