မြန်အောင်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဥ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မြန်အောင် ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဥ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လည် ၁ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးအောင်စိုးက မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရန် မွမ်းမံသင်တန်း လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသားများအတွက် အရန်မီးသတ်တူညီဝတ်စုံများကို မြန်အောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးအောင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  မြန်အောင် ခရိုင်ဦးစီးမှူး ဦးတင်မြိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်တို့က သင်တန်းသားများအား ပေးအပ်ခဲ့ကြသည်။

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဥ်(၁/၂၀၂၄)သင်တန်းကို မြန်အောင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများမှ အရန်မီးသတ် သင်တန်းသား (၁၀၀)ဦးကို ၈-၁-၂၀၂၄ မှ ၂-၂-၂၀၂၄ ရက်နေ့အထိ ဖွင့်လှစ်ပို့ချ လေ့ကျင့်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)

မြန်အောင်