ရှမ်းရွာသစ် ဇန်နဝါရီ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ကိုယ်ကာယကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်၊ နိုင်ငံတော်မှ အားထားရသော မျိုးဆက်သစ်အားကစားသမား ကောင်း များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပညာရေးဌာနမှ ဦးဆောင်ကျင်းပသော၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအုပ်စု ဘောလုံးပြိုင်ပွဲကို ရှမ်းရွာသစ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိဘောလုံး အားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းအုပ်စုဘောလုံးပြိုင်ပွဲတွင် ရှမ်းရွာသစ်မြို့အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း (၆)ကျောင်းမှ ကျား (၆)သင်း၊ မ (၆)သင်း စုစုပေါင်း(၁၂)သင်းဖြင့် ဇန်နဝါရီလ (၅)ရက်နေ့မှစ၍ ဇန်နဝါရီလ(၈)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း၊ ပွဲစဉ်တစ်လျှောက် ဂိုးသွင်းအများဆုံးဆု၊ ရှေ့တန်းကစားသမားဆု၊ အလယ်တန်း စားသမားဆု၊ နောက်တန်းကစာသမားဆု၊ အကောင်းဆုံးဂိုးသမား ဆုနှင့် ပထမ၊ ဒုတိယ၊ တတိယဆုများ ကိုလည်း ဘောလုံးပြိုင်ပွဲအပြီးတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းအုပ်စုဘောလုံးပြိုင်ပွဲသည် ယခုနှစ်ဆိုလျှင် ဒုတိယအကြိမ်မြောက် ရှိပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)