တွံတေး ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တွံတေးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကျင်းပသော မြို့နယ်အဆင့် ဆယ်အိမ်စုမှူး ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တွံတေးမြို့နယ် ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ တွံတေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းစံမြတ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တွံတေးမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းရီက သင်တန်းသူများအား သင်တန်းနှင့်ပတ်သက်၍ အမှာစကားများ ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ဇူလိုင် ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ နှစ်ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသူ (၅၀) ဦးတက်ရောက်ကာ သင်တန်းသူများအား ရေသန့်များ၊ လက်ဖက်ရည်နှင့် မုန့်များပေးဝေခဲ့ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး )