သတင်းများ

နယ်စပ်ရေးရာဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ကျောင်းဝတ်စုံ (အဖြူ/အစိမ်း)၊ ဗလာစာအုပ်၊ ဘောပင်များ ထောက်ပံ့လှူဒါန်း
Jan 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၊ အမှတ်(၁) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ထောက်ပံ့ငွေ အသုံးစရိတ်ခေါင်းစဉ်အောက်မှ ဆွမ်းဆန်တော်၊ ကျောင်းဝတ်စုံ (အဖြူ/အစိမ်း)၊ ဗလာစာအုပ်၊ ဘောပင်များ ထောက်ပံ့ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ပန်းတောင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 09,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မုဒုံမြို့နယ်တွင် နွေစပါးစိုက်ဧက ၆၃၈ ဧကစိုက်ပျိုးရန်လျာထား
Jan 09,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ချောင်းပိတ်၊ မြောင်းပိတ်နှင့် ဆည်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ဧက ၆၃၈ ဧကကို စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပုတီးကုန်းမြို့တွင် ဌာဆိုင်ရာများက ကျေးရွာများအရောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်
Jan 09,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများပူးပေါင်း၍ ယမန်နေ့က ရွာသစ်အုပ်စု၊ ကရင်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦဉာဏ်ထွန်း ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Jan 09,2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ် လျှပ်စစ်အင်ဂျင် နီယာရုံးတွင် ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဟိုင်းကြီးကျွန်းမြို့၌ မြို့အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြင်သာလိပ် (ပင်လယ်လိပ်မျိုး) လွှတ်ပွဲကျင်းပ
Jan 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီကျွန်းမြို့တွင် မြို့အဆင့်ဌာန ဆိုင်ရာများပူးပေါင်း၍ ပြင်သာလိပ် (ပင်လယ်လိပ်မျိုး) လွှတ်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ဇီးချိုင်ကျေးရွာ ပင်လယ်ကမ်းခြေ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပခုက္ကူမြို့၌ ထန်းပင်မြစ်များ ယခင်နှစ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်
Jan 09,2024
မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်မြို့နယ်(အညာဒေသ)တို့မှ ထွက်ရှိသော ထန်းပင်မြစ်များ လှိုင်လှိုင်ပေါ်ဝင်ရောက်လာပြီဖြစ်ရာ ယခင်နှစ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာဈေးအတွင်း ထန်းမြစ်ရောင်းဝယ်သူများထံက သိရသည်။ 
အ.ထ.က (၁) ပင်းတယ၌ လူငယ်အသိပညာပေး ဟောပြောပွဲပြုလုပ်
Jan 09,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် လူငယ်အသိပညာပေးဟောပြောပွဲကို ဆူးဗိုလ်ကုန်းရပ်ကွက် အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း(ပင်းတယ)၊ မြတ်ရတနာခန်းမ၌ ယနေ့ နံနက် (၁၀) နာရီက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။