မော်လမြိုင် ဇန်နဝါရီ ၉
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ် (၆) ထပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယုက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ယခုဖွင့်လှစ်သည့်သင်တန်းသည် အလွန်ကောင်းမွန်ကြောင်း၊ ဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက သင်တန်းမှသင်ကြားပို့ချပေးသည့် ပညာရပ်များဖြင့် ဆုံးရှုံးမှုတန်ဖိုးအနည်းဆုံးဖြစ်စေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ သင်ကြားပေးသည့်ဘာသာရပ်များကိုလည်း စနစ်တကျ လေ့လာသင်ယူကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသားများအား အရန်မီးသတ်တပ်ဖွဲ့ဝင်ဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်သည်။
အဆိုပါသင်တန်းတွင် အခြေခံလက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ မီးသတ်ပညာဘာသာရပ်၊ ရှာဖွေ ကယ်ဆယ်ရေးဘာသာရပ်၊ မီးငြှိမ်းသတ်ရေးဘာသာရပ်များကို ဇန်နဝါရီ ၈ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ လေးပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)