မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ    

 ရွာငံ ဇန်နဝါရီ ၉

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက်၉နာရီက အထက (ရွာငံ) ပြဒါးလင်းခန်းမ၌ ကျင်းပသည်။                  

အခမ်းအနားကို အထက (ရွာငံ) ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါသည်စုံညီပွဲတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့‌နောက် မြို့နယ်ပညာ‌ရေးမှူးကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးခိုင်က ပညာရေးစုံညီပွဲတော် ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အတန်းလိုက် ပညာရည်ချွန်ဆု ၊ လူရည်ချွန်ဆု ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အထိမ်းအမှတ်နေ့များ၌ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်ချီပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများက ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။ အခမ်းအနားတွင် အခြေခံပညာကျောင်းများမှကျောင်းသား၊ ကျောင်းသူများက သီချင်း၊ အကအလှများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပြီး ဘက်စုံပညာရည်တို့လှမ်းချီ သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်းလည်းသိရသည်။

မြို့နယ် ပြန်/ဆက်